အကြောင်းအရာ

ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို ကလေးတွေ၊ မိသားစုတွေ နဲ့ ကျောင်းတွေအတွက် တယ်လီနောလုပ်ငန်းစုနဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုနဲ့ပတ်သက်ပြီး ကလေးတွေကို အုပ်ထိန်းရာမှာ ကျွမ်းကျင်တဲ့ Parent Zone တို့က ပူးပေါင်းလက်တွဲပြီး ဖန်တီးထားတာဖြစ်ပါတယ်။Plan International Myanmar ၏ပံ့ပိုးမှုဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို မြန်မာနိုင်ငံရှိ ကလေးငယ်များ၊ မိဘများနှင့် ဆရာ၊ဆရာမများအတွက် မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုထားပါသည်။

တယ်လီနော အကြောင်း

တယ်လီနောလုပ်ငန်းစုဟာ စကင်ဒီနေးဗီးယားနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေတလွှား ဦးဆောင်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ကျွနိုပ်တို့ဟာ တာဝန်သိ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုဖို့နဲ့   လူမှုပတ်ဝန်းကျင် တိုးတက်မြှင့်မားအောင် ဆောင်ရွက်ဖို့ ရည်မှန်းချက်ထား ထားပါတယ်။  အဲဒီရည်မှန်းချက် အောင်မြင်အောင် ကြိုးစားအားထုတ်ရာမှာ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် အမှတ် ၁၀ (UN Sustainable Development Goal #10) ဖြစ်တဲ့ မညီမျှမှုလျှော့ချခြင်း ဆိုတဲ့ပန်းတိုင်နဲ့ ကိုက်ညီအောင် ကြိုးပမ်း လျက်ရှိပါတယ်။

ဆက်သွယ်ရေးဟာ တယ်လီနောရဲ့အဓိကနယ်ပယ် အဖြစ် နှစ်ပေါင်း ၁၆၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ ကျွနု်ပ်တို့ရဲ့ ရည်ရွယ်ချက်ကတော့ သုံးစွဲသူတွေကို သူတို့အလေးထားဆုံးအရာတွေနဲ့ ချိတ်ဆက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အုပ်စုတွေကိုကာကွယ်ဖို့ နဲ့ သူတို့အနေနဲ့ ချိတ်ဆက်နိုင်ခြင်းရဲ့ အကျိူးကျေးဇူးတွေကို အကောင်းဆုံး ရရှိအောင် ကူညီပေးဖို့ ကျွနု်ပ်တို့က ရည်သန်နှစ်မြုပ် ထားပါတယ်။

ကလေးတွေနဲ့ လူငယ်တွေကြား သာမက သူတို့ရဲ့ ဆရာတွေ၊ မိဘတွေနဲ့ အုပ်ထိန်းသူတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်အောင် အားပေးတဲ့လုပ်ငန်းတွေမှာ အတွေ့အကြုံရှိတဲ့ မိတ်ဖက်တွေနဲ့အတူ ကျွန်ုပ်တို့ပူးပေါင်းပြီး တက်တက်ကြွကြွ ပါဝင်ပါတယ်။ အဓိက ဦးစားပေးလုပ်ဆောင်မှုတွေက အွန်လိုင်းပေါ်မှာအနိုင်ကျင့်စော်ကားတာတွေကို ကာကွယ်ဖို့ နဲ့ လူငယ်တွေ စူးစမ်းလေ့လာနိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ အွန်လိုင်းပတ်ဝန်းကျင်ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

တယ်လီနောဟာ စတော့ ticker TEL အောက်ရှိ အော်စလိုစတော့ရှယ်ယာ အရောင်းအဝယ် စာရင်း (Oslo Stock Exchange) ဝင်ဖြစ်ပါတယ်။ ပိုမိုသိလိုရင် www.telenor.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Parent Zone အကြောင်း

Parent Zone ဟာ ကလေးတွေနဲ့ မိသားစုဝင်တွေ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုအတွက် လမ်းညွှန်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိဘတွေ၊ ကလေးတွေ နဲ့ ကျောင်းတွေမှာ အင်တာနက်ကို ဘေးကင်းလုံခြုံပြီး စိတ်ချယုံကြည်မှု အပြည့်နဲ့ သုံးစွဲနိုင်ဖို့ ကူညီပံ့ပိုးမှုတွေ နဲ့ သတင်းအချက်အလက်တွေကို Parent Zone ကပေးနေ ပါတယ်။

မိသားစုတွေနဲ့ ကလေးတွေအပေါ် နည်းပညာဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ သက်ရောက်မှုတွေကို  လေ့လာတာ၊ နားလည်သဘောပေါက်အောင်လုပ်တာနဲ့  ကိုင်တွယ်ဖြေရှင်းတာတွေ လုပ်ဆောင်နိုင်ဖို့ Parent Zone က မိဘတွေ၊ ကျောင်းတွေ၊ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်များတွေနဲ့ အတူ ပုံမှန် ပူးပေါင်းလုပ်ဆောင်ပါတယ်။

ကလေးတွေအတွက် သင်ကြားရေး အထောက်အကူပြု အရင်းအမြစ်တွေ ဖန်တီးတဲ့အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ Parent Zone က ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်းတမ်းကို တယ်လီနော အတွက်သီးသန့် ပြုလုပ်ထားပါတယ်။ ဒေါင်းလုပ်ရယူနိုင်တဲ့ သင်ကြားရေး အရင်းအမြစ်တွေနဲ့ အပြန်အလှန်တုံ့ပြန် ကစားနိုင်တဲ့ဂိမ်းတွေ အပါအဝင် ဖြစ်ပါတယ်။

သူတို့ရဲ့လုပ်ငန်းနဲ့ သင်ကြားရေး အရင်းအမြစ်တွေအကြောင်း ပိုသိချင်တယ် ဆိုရင်တော့ www.parentzone.org.uk မှာဝင်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် info@parentzone.org.uk ကိုအီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။