ဒစ်ဂျစ်တယ်နည်းပညာမှာ ကျင်လည်မှုရှိခြင်းနဲ့ပတ်သက်တဲ့ အဓိက အကြောင်းအရာတွေ၊ ဒီ ဝက်ဘ်ဆိုက်မှာရှိတဲ့ သင်ကြားရေးထောက်အကူပြုအရင်းအမြစ်တွေကို ဘယ်လိုသုံးရမလဲနဲ့ သင့်ကလေးတွေ ဒီဂျစ်တယ်နည်းပညာ တွင်ကျင်လည်မှုရှိအောင် ဘယ်လို ပံ့ပိုးပေးရမလဲဆိုတာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာတွင်ကျင်လည်မှုရှိတယ်ဆိုတာ ဘာလဲ

 “အွန်လိုင်းပေါ်တွင် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို နားလည်ခြင်း၊ တစ်စုံတစ်ခု မှားယွင်းသွားသည့်အခါ ဘာလုပ်ရမလဲသိခြင်း၊ အွန်လိုင်းအတွေ့အကြုံများမှ တဆင့် သင်ခန်းစာ ယူတတ်ခြင်း နှင့် မည်သည့် အခက်အခဲများ နှင့်စိတ်အနှောက်အယှက် ဖြစ်စရာများ မဆို ကျော်လွှားနိုင်ခြင်း ဆိုတဲ့ စွမ်းရည်များရှိခြင်း” *

ဒစ်ဂျစ်တယ်နည်းပညာမှာ ကျင်လည်မှုရှိတဲ့ကလေးဟာ။

  • သူတို့ဘယ်အချိန် အွန်လိုင်းမှာ အန္တရာယ်ရှိနေလဲဆိုတာ နားလည်တယ်။
  • အကူအညီတောင်းခံဖို့ ဘာလုပ်ရမလဲသိတယ်။
  • အွန်လိုင်းအတွေ့အကြုံကနေ သင်ယူနိုင်တယ်။
  • အမှားလုပ်မိတဲ့အခါ ပြန်လည်ပြုပြင်တည့်မတ်နိုင်ကြတယ်။

*The UK Council for Child Internet Safety (UKCCIS) Resilience Working Group’s ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဝက်ဆိုက်နဲ့ ဂိမ်းတွေကိုဘယ်လိုအသုံးပြုမလဲ။ 

သင်ကြားရေးထောက်အကူပြု အွန်လိုင်းအရင်းအမြစ်တွေနဲ့ ပတ်သတ်ပြီး အမေးများတဲ့ မေးခွန်းတွေနဲ့ အဲဒါတွေကို သင့်ကလေးတွေနဲ့အတူ အကောင်းဆုံး ဘယ်လိုအသုံးချမလဲ ဆိုတဲ့အကြံပေးချက်များ

 ပိုမိုသိရှိရန်

ဒစ်ဂျစ်တယ်နည်းပညာမှာကျင်လည်မှုရှိရန် ဘာလို့အရေးကြီးတာလဲ။

ဒစ်ဂျစ်တယ်နည်းပညာမှာ ကျင်လည်မှုရှိတဲ့ ကလေးတွေက အွန်လိုင်းကပေးတဲ့ အခွင့်အရေးတွေကို ရယူနိုင်ပြီး ဆုံးရှုံးထိခိုက်နိုင်မှုကို ကြုံတွေ့ဖို့ အခွင့်အလမ်းနည်းပါတယ်။ ကျင်လည်မှုရှိခြင်းဟာ ကျောင်းမှာ ကျက်မှတ် သင်ယူနိုင် တဲ့သင်ခန်းစာမျိုး မဟုတ်သလို ကျင့်ယူလို့ရတဲ့ အရည်အချင်းလည်း မဟုတ်ပါဘူး။  ဒါက အားပေး ပြုစုပျိုးထောင်ရမယ့် အရာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာမှာ ကျင်လည်နိုင်စေဖို့ မိဘအုပ်ထိန်းမှုနဲ့ ယုံကြည်စိတ်ချရတဲ့ လူကြီးတွေရဲ့ ပံ့ပိုးကူညီမှုတွေက ကောင်းကျိုးတွေ ရရှိစေနိုင်မယ်လို့ ယုံကြည်ပါ တယ်။ ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးညွှန်တမ်းမှာရှိတဲ့ မေးခွန်းတွေနဲ့ လုပ်ဆောင်ချက်တွေက ဒစ်ဂျစ်တယ် နည်းပညာမှာ ကျင်လည်မှုရှိခြင်း ရဲ့ အဓိကသဘောသဘာဝတွေကို ကလေးတွေဖော်ထုတ်တတ်လာအောင် ကူညီပေးနိုင်ဖို့ ဦးတည်ချက်ထားပါတယ်။

ကူညီကြပါဦး…ဒစ်ဂျစ်တယ်ကမ္ဘာအကြောင်းကို သိပ်နားမလည်လို့ပါ။ ဘယ်နေရာမှာ ထပ်ပြီး လေ့လာလို့ ရနိုင်မလဲ။

သင်နားမလည်တဲ့စကားလုံးတွေရှိရင် ဒါမှမဟုတ် ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်ရင် လေ့လာရာမှာ အကူအညီဖြစ်စေဖို့နဲ့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာစေဖို့ ဗဟုသုတတွေနဲ့ ရိုးရှင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အွန်လိုင်းစာကြည့်တိုက် မှာ စီစဉ်ပေးထားပါတယ်။

ဘာလို့ အင်တာနက်အကြောင်းကို မိမိကလေးတွေကို ပြောပြသင့်သလဲ။ ဘာပြောသင့်သလဲ။

မိဘများရဲ့ အုပ်ထိန်းစောင့်ရှောက်ခြင်းနှင့် ယုံကြည်ရတဲ့လူကြီးတွေဆီက အကူအညီရရှိခြင်းက အရေးကြီး ပါတယ်။  သင်က ဒစ်ဂျစ်တယ်ကမ္ဘာအကြောင်းကို သိပ်မသိသေးဘူးလို့ထင်တယ်ဆိုရင်တောင် လူငယ်တွေနဲ့ တန်ဖိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပါသေးတယ်။ သူတို့  အွန်လိုင်းမှာ ဘာတွေ လုပ်ရတာကြိုက်လဲ၊ ဘယ် အက်ပလီကေးရှင်းတွေ သုံးနေလဲ၊ ဘယ်ဝက်ဘ်ဆိုက်တွေကြည့်လဲ ဆိုတာတွေက စပြီးမေးမြန်းလို့ ရပါသေးတယ်။

အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူ ဆိုတာ နဲ့ အွန်လိုင်းမှာ ကျင်လည်မှုရှိတယ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာသိဖို့  သင့်အနေနဲ့ သင်ရိုးညွှန်းတမ်းကို အရင်ကြည့်ထားပြီး အွန်လိုင်းစာကြည့်တိုက်မှာ အဓိက သတင်းအချက်အလက်တွေကို အရင်ဖတ်ချင် ဖတ်ထား လို့ရပါတယ်။ အွန်လိုင်းစာကြည့်တိုက်ထဲပါတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ လေ့ကျင့်ခန်းထဲက ဆွေးနွေးချက်တွေက လူငယ်တွေနဲ့ စိတ်ဝင်စားစရာ စကားဝိုင်းတွေ ဖြစ်လာစေဖို့ စေ့ဆော်ပေးမှာပါ။

ကျွန်တော်/ကျွန်မရဲ့ ကလေး အွန်လိုင်းပေါ်မှာ ဘာတွေလုပ်နေလဲ ဆိုတာစိုးရိမ်မိတယ်။ ဘာလုပ်ရမလဲ။

သင့်ကလေးက အွန်လိုင်းပေါ်မှာ ဘာတွေလုပ်ရတာကြိုက်တယ်ဆိုတာကို သူနဲ့အတူပြောဆို ဆွေးနွေးသင့် ပါတယ်။  သူတို့က အွန်လိုင်းပေါ်မှာတစ်စုံတစ်ရာ မှားယွင်းလုပ်ဆောင်မိတဲ့အခါ သင့်ကိုလာပြော နိုင်တယ်လို့ ခံစားရရင် သူတို့ပြဿနာတွေ၊ အမှားတွေကို သင်မသိအောင် ဖုံးကွယ်ထားတာ နည်းသွား ပါလိမ့်မယ်။       

အွန်လိုင်းပေါ်မှာ ကြုံတွေ့လာနိုင်တဲ့ ဆုံးရှုံးထိခိုက်မှုတွေ၊  ဘေးကင်းလုံခြုံမှုမရှိတဲ့နေရာတွေ နဲ့ တစ်စုံတစ်ရာ မှားယွင်းခဲ့ရင်ဘာလုပ်ရမလဲ ဆိုတာတွေကို လူငယ်တွေ သိရှိဖော်ထုတ်နိုင်အောင် ကူညီပေးဖို့ ဒီ သင်ရိုးညွှန်းတမ်း ကို ရေးဆွဲဖန်တီးထားပါတယ်။ ငယ်ရွယ်တဲ့သူတွေအနေနဲ့ အထူးသဖြင့် သူတို့ အွန်လိုင်းပေါ်မှာ အမှားပြုလုပ် မိအောင် အလှည့်စားခံခဲ့ရပြီး အဲဒီအတွက် ရှက်ကြောက်ပြီး ဝမ်းနည်ခံစားနေရင် သင့်ကိုပြောပြနိုင်ကြောင်း သိဖို့အရေးကြီးပါတယ်။

ဒီသင်ရိုးမှာပါတဲ့ လုပ်ဆောင်ချက်တွေကို သင့်ကလေးနဲ့ အတူ လုပ်ဆောင်သွားဖို့တိုက်တွန်းပါတယ်။ အဲလိုအတူ လုပ်ဆောင်ရင်းနဲ့ စိတ်ပူပင်စရာကိစ္စတွေရှိရင် အတူပြောဆိုနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးက ဖုန်း/ကွန်ပျူတာ စကရင်ရှေ့မှာ ပဲ တစ်ချိန်လုံးရှိနေတယ်၊ စိတ်ပူသင့်သလား။

စကရင် ရှေ့မှာကြာချိန်နဲ့ ပတ်သက်လာရင် သူတို့ ဖုန်း/ ကွန်ပျူတာ ဘယ်လောက်ကြာကြာ ကြည့်လဲ ဆိုတာထက် ဒါတွေသုံးပြီ ဘာတွေလုပ်နေလဲဆိုတဲ့ မေးခွန်းက ပိုအရေးကြီးပါတယ်။ သူတို့ စကရင် အသုံးပြုတဲ့ ကြာချိန်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးပါ။ သူတို့က စာဖတ်ဖို့၊ သုတေသနလုပ်ဖို့၊ အိမ်စာလုပ်ဖို့ သုံးနေတာလား။ ဒါက သူတို့သူငယ်ချင်းတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းလား။ အွန်လိုင်းဂိမ်းဆော့ဖို့ အချိန်အကြာကြီးသုံးနေတာလား။ မေးမြန်းကြည့်တာ၊ သူတို့လုပ်တဲ့အရာတွေ အပေါ် စိတ်ဝင်စားကြောင်းပြသတာတွေ လုပ်သင့်ပါတယ်။

.

စကရင်အသုံးပြုတဲ့ကြာချိန်နဲ့ပတ်သက်ပြီး ပိုမိုသိချင်ရင်  Oxford Internet Institute က Dr Andrew Przybylski ရဲ့သုသေသန ကိုဖတ်ရှနိုင်ပါတယ်။ သူရဲ့ လေ့လာချက်ထဲမှာတော့ စကရင် အသုံးပြုချိန် အသင်အ့တင့်ရှိခြင်းက အမှန်ကန်ဆုံးလို့ မှတ်ယူနိုင်ကြောင်း အကြံပေးထားပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးက အွန်လိုင်းပေါ်မှာ တစ်စုံတစ်ယောက်ကို အနိုင်ကျင့် ဗိုလ်ကျနေတယ်လို့ ထင်တယ်။ ဘာလုပ်သင့်လဲ။

ဒီ သင်ရိုးညွန်းတမ်းက  အွန်လိုင်းပေါ်မှာ ညှာတာထောက်ထားတတ်ဖို့၊ လူငယ်တွေကို အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုသူတစ်ယောက် ဖြစ်ဖို့ နဲ့ အွန်လိုင်းကျင့်ဝတ်တွေကို လိုက်နာဖို့က အရေးကြီး ကြောင်းသင်ပေးပါတယ်။ လူငယ်တွေအနေနဲ့ အနိုင်ကျင့်စော်ကားတာကို  မျက်နှာချင်းဆိုင် မလုပ်ရင်တောင်မှ အွန်လိုင်းပေါ်မှာတော့ အနိုင်ကျင့်စော်ကားတဲ့ အထဲမှာ အလွယ်တကူ ပတ်သက်မိ နိုင်ပါတယ်။

ရိုင်းစိုင်းတဲ့မက်ဆေ့ချ်တွေနဲ့ အွန်လိုင်းပေါ်မှာတမင်ရည်ရွယ်ပြီး တခြားလူတွေကို အရှက်ရအောင် ပြုလုပ်တာက မကောင်းတဲ့ရလာဒ်တွေဖြစ်စေပြီး တခြားလူကိုခံစားသွားရစေနိုင်ကြောင်း သင့်ကလေးကို ပြောပြပါ။ ကိုယ့်ရဲ့ မက်ဆေ့ချ်က ညှာတာထောက်ထားမှုရှိတာသေချာဖို့က ဘယ်လောက် အရေးကြီးကြောင်း နဲ့ တခြားလူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓါတ်ပုံတွေအလွန်အကျွံ တင်တာ share တာကို ရှောင်သင့်ကြောင်း သူတို့ကိုပြောပြပါ။.

ကျွန်တော်/ကျွန်မရဲ့ ကလေးက အွန်လိုင်းပေါ်မှာ သူစိမ်းတယောက်ရဲ့ အနိုင်ကျင့်တာ ခံနေရရင် ဘာလုပ်သင့် သလဲ။

မက်ဆေ့ချ်တွေကို ဖျက်ပစ်ချင်စိတ် ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။ အထူးသဖြင့် အဲဒီ မက်ဆေ့ချ်တွေကို ဖတ်ရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်ပေါ့။ ဒါပေမဲ့လည်း  ထိခိုက်နာကျင်အောင်ပြောထားတဲ့ ဘယ်မက်ဆေ့ချ်ကိုမဆို သက်သေအဖြစ်သိမ်းထားဖို့ အရေးကြီးပါတယ်။ ဒီမက်ဆေ့ချ်တွေကို စကရင်ရှော့ ရိုက်ပြီးယူထားလို့ရပါတယ်။ ကလေးက သူစိမ်းတွေရဲ့ အနိုင်ကျင့်တာခံရပြီဆိုရင် ဘယ်လိုဖြစ်တာလဲ၊ ဘယ် ဝက်ဘ်ဆိုက်တွေ app အက်ပ်တွေကနေ တဆင့် အနိုင်ကျင့်ခံရလဲ ဆိုတာစစ်ဆေးပါ။ နောက်တဆင့်က အနိုင်ကျင့် ဗိုလ်ကျတဲ့သူကို သက်ဆိုင်ရာ ဝက်ဘ်ဆိုက်က စိစစ်ထိန်းသိမ်းပေးသူဆီ report လုပ်ပါ။ Block ပါ။ ဒါမှ အနိုင်ကျင့်တဲ့သူက သင့်ကလေးနဲ့  ဆက်သွယ်လို့မရတော့မှာ ဖြစ်တယ်။

အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း (cyberbullying) ၊ စိစစ်ထိန်းသိမ်းခြင်း (moderation) ၊ report လုပ်ခြင်း နှင့် Block လုပ်ခြင်းအကြောင်းကို စာကြည့်တိုက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုက်ပေါ်မှာ တစ်စုံတစ်ယောက်ကို report နဲ့ block ဘယ်လိုလုပ်ရလဲ။

ယုံကြည်စိတ်ချလို့ရပြီး ဘေးကင်းတဲ့ ဝက်ဘ်ဆိုက်တွေ၊ အက်ပ်တွေမှာ report နဲ့ block လုပ်ဆောင်ချက်တွေပါ ရှိပြီး သေချာရှင်းလင်းစွာ ဖော်ပြထားပါတယ်။ သင့်ကလေးနဲ့အတူထိုင်ပြီး သူတို့ အသက်အရွယ်အလိုက် ဒီအရာ တွေကို ဘယ်လိုလုပ်လို့ရလဲဆိုတာ အတူတကွလုပ်ကြည့် သင့်ပါတယ်။ ဒါမှ သင်တို့အတူသင်ယူနိုင်မှာပါ။ Report ပြုလုပ်ခြင်း နဲ့ block ပြုလုပ်ခြင်းအကြောင်း စာကြည့်တိုက် မှာ ပိုမိုဖတ်ရှုနိုင်ပါတယ်

ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်တွေနဲ့ တဆင့်ပြီးတဆင့်ညွှန်ကြားချက်တွေကို  The Parent Zone ဝက်ဘ်ဆိုက်က မိဘလမ်းညွှန်တွေမှာကြည့်ရှုနိုင်ပါတယ်။

ကူညီကြပါဦး…ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှု (Privacy setting) ဘယ်လိုပြောင်းရမလဲ နဲ့ ဝက်ဘ်ဆိုက်တွေ နဲ့ အက်ပ်တွေကို ဘယ်လို လုံခြုံရေးအဆင့်တွေ ထည့်ရမလဲဆိုတာ နားမလည်လို့ပါ။

ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းချုပ်မှု (Privacy setting) နဲ့ အဆင့် ၂ ဆင့် စစ်ဆေးမှုပုံစံအကြောင်း တွေကို ပိုသိချင်ရင်  စာကြည့်တိုက် မှာကြည့်ရှုနိုင်ပါတယ်။

 The Parent Zone ဝက်ဘ်ဆိုက်မှာ လူကြိုက်များတဲ့ လူမှုမီဒီယာ အက်ပ်တွေ ဝက်ဘ်ဆိုက်တွေအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန်မှုတွေ၊ လုံခြုံရေးအဆင့်ထပ်ထည့်တာတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းချုပ်မှု (Privacy setting) တွေ ဘယ်လိုထားရမလဲဆိုတဲ့ လမ်းညွှန်ချက် တွေပါဝင်ပါတယ်။

ဂိမ်း၊ သင်ကြားရေးအရင်းအမြစ်များနှင့် ဝက်ဘ်ဆိုက် အသုံးပြုနည်း

ဉာဏ်စမ်းပဟေဠိတွေကို စမတ်ဖုန်းပေါ်မှာရော ကစားလို့ရလား။

ရပါတယ်။ အပြန်အလှန်တုံ့ပြန် ကစားနိုင်တဲ့ဂိမ်းတွေနဲ့ ဉာဏ်စမ်းပဟေဠိတွေကို  စမတ်ဖုန်းပေါ်မှာ ကစားလို့ ရပါတယ်။ ဝက်ဘ်ဆိုက်ပေါ်က ဂိမ်းတွေ သင်ကြားရေးအထောက်အကူပြု အရင်းအမြစ်တွေကို အင်တာနက် ချိတ်ပြီး စမတ်ဖုန်းကနေတဆင့် သုံးလို့ရနိုင်ပါတယ်။

ဒီသင်ရိုးညွှန်တမ်းကို အင်တာနက်မဖွင့်ဘဲကောအသုံးပြုနိုင်ပါသလား။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဉာဏ်စမ်းပဟေဠိတွေကို အင်တာနက်မရှိပဲ သုံးလို့မရပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေ၊ စာကြည့်တိုက်ထဲက သတင်းအချက်အလက်နဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ အမှန်ရွေးပေးရတဲ့ ပဟေဠိတွေ ကိုတော့ အင်တာနက်မဖွင့်တဲ့အခါ အသုံးပြုနိုင်အောင် ဒေါင်းလုပ်ဆွဲ ပြီး သိမ်းထားနိုင်ပါတယ်။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဂိမ်း ဆိုတာဘာလဲ။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဂိမ်းက ကလေးတွေကို သူတို့အဆင်ပြေ သက်တောင့်သက်သာရှိတဲ့နှုန်း နဲ့ စူးစမ်းရှာဖွေပြီး လေ့လာသင်ယူနိုင်စေပါတယ်။

ကလေးတွေ ပျော်ပျော်ရွှင်ရွင် လေ့လာသင်ယူနိုင်ဖို့နှင့် သူတို့ရဲ့ဗဟုသုတတွေကိုစစ်ဆေးဖို့  ကာတွန်း ဇာတ်လမ်း အတိုလေးတွေနဲ့ ကစားဖို့ လွယ်ကူတဲ့ ဉာဏ်စမ်းပဟေဠိမေးခွန်းတွေကို ဂိမ်းမှာ ထည့်သွင်း ပေးထား ပါတယ်။

ကလေးတွေအတွက် ဂိမ်းပြီးဆုံးဖို့ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့် တစ်ခုစီတိုင်းမှာ ပိုမိုရှုပ်ထွေးလာပြီး အရှေ့က သင်ကြားခဲ့တဲ့ပေါ်အခြေခံပါတယ်။

ဒီအဆင့်တွေက အသက် ၇ နှစ်မှ ၁၆ အရွယ် ရှိကလေးတွေ အတွက်ရည်ရွယ် ပြုလုပ်ထား ပါတယ်။* အသက် ၅ နှစ်မှ ၆ နှစ်အတွင်းရှိ ကလေးတွေလေ့လာလို့ရမယ့် သီးသန့်နေရာလဲရှိပါတယ်။

*အဆင့်တိုင်းအတွက် အသက်အရွယ်တွေကို အကြံပြုသတ်မှတ်ထားပေမဲ့ အသက် (၇) နှစ် မှ (၁၆) နှစ် အတွင်းရှိ ကလေးတိုင်းနဲ့ သင့်တော်ပါတယ်။ သူတို့ကစားတဲ့အဆင့်တွေက သူတို့ရဲ့ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့သိရှိနားလည်မှု အပေါ် မူတည်နိုင်ပါတယ်။ ပိုမိုသင်ယူနိုင်ဖို့ စာကြည့်တိုက် ကိုအသုံးပြုနိုင်ပါတယ်။ အဆင့်တိုင်းကို ဖြတ်ကျော် တိုးတက်နိုင်ဖို့ ပဟေဠိတွေ ကို နောက်တစ်ခါ ပြန်ဖြေလို့ရတဲ့ ရွေးချယ်ခွင့် လဲရှိပါတယ်။

ဆုပေးခြင်းနှင့် အသိအမှတ်ပြုခြင်း

ပဟေဠိဂိမ်းတစ်ခု ဖြေဆိုအောင်မြင်ပြီးသွားတဲ့အခါ သင်ယူလေ့လာသူတွေကို ဒစ်ဂျစ်တယ်ဆုတံဆိတ် တစ်ခု ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ အဆင့်တစ်ခုတွက် ဆုတံဆိပ်အားလုံးရပြီးဆိုရင်တော့ သူတို့ဘာတွေသင်ယူခဲ့လဲ ဆိုတဲ့ အသေးစိတ်အချက်တွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ဂုဏ်ပြုမှတ်တမ်းကို ချီးမြှင့်ပေးမှာဖြစ်ပါတယ်။

အဆင့်တစ်ခုပြီးခြင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဒါမှ  သူတို့အဆင့်ဆင့် တိုးတက်ပြီး ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီသင်ရိုးညွှန်းတမ်းက အသက်အရွယ်အားလုံးအတွက်သင့်တော်ရဲ့လား။

ဟုတ်ကဲ့၊ သင့်တော်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေက အသက် ၅  နှစ်မှ ၁၆ နှစ်အတွင်း ရှိ ကလေးတိုင်းနဲ့ သင့်တော်ပါတယ်။ အသက် ၅ နှစ်မှ ၆ နှစ်အရွယ်တွေအတွက် သင်ယူနိုင်မဲ့နေရာ သီးသန့် ရှိပါသေးတယ်။ သင်ကြားမှုအဆင့်က ကလေးရဲ့သိရှိပြီးသား ဗဟုသုတပေါ် မူတည်ပါတယ်။ ကလေးတွေက အဆင့်တိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာပါ။ ပါဝင်တဲ့ သင်ခန်းစာတွေ အားလုံးက အသက်အရွယ် နဲ့ ကိုက်ညီပြီး ကျား/မ မရွေး သင်ကြားနိုင်ပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးက သင်ရိုးညွှန်တမ်းထဲက အဆင့် (၃)ဆင့်လုံးကို ကျော်ဖြတ်နိုင်ပါ့မလား။

ဟုတ်ကဲ့။ သင်ယူတဲ့သူက ပဟေဠိတွေကို ထပ်ခါထပ်ခါ ပြန်ဖြေလို့ရပါတယ်။ သူတို့တွေက လုံလောက်တဲ့ မေးခွန်းတွေကို မှန်အောင်ဖြေနိုင်ရင် လုပ်ဆောင်ချက်အားလုံးနဲ့ အဆင့်တိုင်းကို သူတို့ ဘာသာ ကျော်ဖြတ် နိုင်မှာပါ။ နောက်တစ်တဆင့်ကို တက်လှမ်းဖို့က သူတို့ရဲ့ သင်ယူနိုင်စွမ်း ပေါ်မှာမူတည်ပြီး အသက်အရွယ်နဲ့ မကန့်သတ်ထားပါဘူး။ သူတို့သိချင်တဲ့အချက်တွေကို စာကြည့်တိုက်မှာ ရှာနိုင်ပြီး ပဟေဠိတွေကို ပြန်မဖြေခင် လေ့လာလို့ရပါတယ်။ ပါဝင်တဲ့အကြောင်းအရာ အားလုံးက အသက်အရွယ်တိုင်းနဲ့ ကိုက်ညီပေမဲ့ မေးခွန်းနဲ့ ပြဿနာတွေက ပိုမိုရှုပ်ထွေးလာမှာဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုစီအတွက် စတင်ကစားတဲ့အဆင့် သတ်မှတ်ချက် က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ  ကွဲပြားခြားနားနိုင်ပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးအတွက် စစချင်းအဖွင့် ဉာဏ်စမ်းပဟေဠိက အရမ်းခက်နေတယ်။ ကလေးက  ဘယ်မှာ ပိုမိုလေ့လာလို့ရနိုင်မလဲ။

ဒီဝက်ဘ်ဆိုက်က စာကြည့်တိုက်ထဲမှာ သင်ရိုးညွှန်တမ်းမှာပါတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ သင်ယူသူအနေနဲ့ မေးခွန်းကို လုံလုံလောက်လောက် မှန်ကန်အောင်မဖြေနိုင်ဘူးဆိုရင် စာကြည့်တိုက်မှာ သွားရောက်လေ့လာနိုင်ပြီး နောက်တစ်ခါပြန်ဖြေနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ နောက်တစ်နည်းကတော့ သူတို့လက်ရှိအဆင့်ထက် တစ်ဆင့် နိမ့်တာ ကိုရွေးချယ်ပြီး ပိုလွယ်တဲ့ မေးခွန်းတွေကို ဖြေဆိုကြည့်နိုင်ပါတယ်။

ကလေးတွေကို ဒီသင်ရိုးညွှန်တမ်းနဲ့ပတ်သက်ပြီး ဘယ်လိုပံ့ပိုးပေးရမလဲ။

မိဘတွေ၊ အုပ်ထိန်းသူတွေ နဲ့ ဆရာ၊ဆရာမတွေက ဒီသင်ရိုးညွှန်တမ်းကနေတဆင့် ကလေးတွေကို ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကလေးတွေကို မေးခွန်းတွေ ဖတ်ပြီး နားလည်အောင် ကူညီပေးခြင်း၊ လေ့ကျင့်ခန်းတွေပြီးအောင် အတူတူလုပ်ပေးခြင်း နဲ့  ပိုမိုဆွေးနွေးနိုင်အောင် နဲ့ စူးစမ်းလေ့လာ နိုင်အောင် စာကြည့်တိုက် ထဲက လက်တွေ့လေ့ကျင့်ခန်းတွေကို အသုံးပြုခြင်းတို့ပဲဖြစ်ပါတယ်။

လူကြီးတွေအတွက် ဒေါင်းလုပ်ရယူနိုင်တဲ့ အထူးပဟေဠိ တွေလဲရှိပါတယ်။ ဒါမှ သင့်ရဲ့အသိပညာ ဗဟုသုတ တိုးတက်လာနိုင်ပြီး သင့်ကလေးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။

အဆင့်တစ်ခုနဲ့ တစ်ခုကြား ကွာခြားချက်ကဘာလဲ။

အဆင့်တစ်ဆင့်စီတိုင်းက ပိုရှုပ်ထွေးလာပြီး  ကလေးတွေကို ဆန်းသစ်ပြီး ပိုစိတ်လှုပ်ရှားစရာနည်းလမ်းတွေနဲ့ ဒစ်ဂျစ်တယ်လောကအကြောင်းနားလည်မှုကို တိုးတက်လာအောင် ကူညီပေးပါတယ်။

အဆင့် ၁ – ဖော်ထုတ်ခွဲခြားတတ်ခြင်း

ဒီအဆင့်မှာတော့ကလေးတွေအနေနဲ့  အွန်လိုင်းဖြစ်ရပ်တွေ၊ အပြုအမူတွေက ကောင်းမွန်တဲ့နည်းလမ်း ဟုတ်မဟုတ် ဖော်ထုတ်နိုင်စေပါတယ်။ ဒီအဆင့်ဟာ အွန်လိုင်းလောကကို စတင် စူးစမ်းမယ့် ကလေးငယ်များ အတွက် ဖြစ်ပါတယ်။

ဥပမာ – မက်ဆေ့ချ်က ညှာတာထောက်ထားမှုရှိသလား မရှိဘူးလား ရွေးချယ်ခြင်း

ထွီ…နင်ကြည့်ရတာ ရွံစရာကြီး။

နင်က ငတုံးပါကွာ။

နင်ဝမ်းနည်းနေတာ ငါ စိတ်မကောင်းပါဘူး။ မနက်ဖြန်ကျရင် နင်သက်သာမယ်လို့ မျှော်လင့်ပါတယ်။

အဆင့် ၂ –  နားလည်သဘောပေါက်ခြင်း

ဒီအဆင့်မှာဆိုရင် ကလေးတွေအနေနဲ့ တချို့အွန်လိုင်းဖြစ်ရပ်တွေ နဲ့ အပြုအမူတွေက ဘာကြောင့် ကောင်းမွန်တဲ့ နည်းလမ်းဟုတ်မဟုတ် ပိုမိုနားလည်သဘောပေါက်စေပါတယ်။ ဒီအဆင့်မှာ အဆင့်(၁) ကိုအခြေခံပြီး ပိုမို ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို လက်တွေ့ဥပမာတွေနဲ့ လေ့လာစေပါတယ်။

ဥပမာ – အွန်လိုင်းပေါ်က မက်ဆေ့ချ်တစ်ခုကို ဖတ်လိုက်တာနဲ့ အလွယ်တကူ နားလည်မှုလွဲ နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်က ပြောတဲ့လူကို မမြင်နိုင်သလို သူဘယ်လိုလေသံနဲ့ ပြောလဲဆိုတာ မကြားနိုင်လို့ပါ။ အောက်ပါမက်ဆေ့ချ်တွေက ရိုင်းစိုင်းတာလား နားလည်မှုလွဲခြင်းလား။

“နင့်ကိုကြည့်ရတာဆိုးလိုက်တာ၊ ငါကနင်တဲ့မတူတာ ငါတော်တော်ဝမ်းသာတယ်”

“ဟင်… ဓါတ်ပုံကပုံမှန်မဟုတ်ဘူး”

“နင့်ဓါတ်ပုံကရယ်စရာကြီး။”

အဆင့် ၃ – ဝေဖန်ဆန်းစစ်ခြင်း

ဒီအမြင့်ဆုံးအဆင့်မှာ သင်ယူသူအနေနဲ့  အွန်လိုင်းဖြစ်ရပ် အမျိုးမျိုးအတွက်  အသင့်တော်ဆုံး ဖြေရှင်းတဲ့ နည်းလမ်း တွေကို ဝေဖန်ပိုင်းခြားဆန်းစစ်စေပါတယ်။ ဒီအဆင့်က အသက်ကြီးတဲ့ကလေးတွေ၊  အွန်လိုင်းနဲ့ လူမှုမီဒီယာအသုံးပြုတာ အတွေ့အကြုံရှိတဲ့လူတွေအတွက် ဖြစ်ပါတယ်။

ဥပမာ – အောက်ဖော်ပြပါ ညှာတာထောက်ထားမှုမရှိတဲ့ မက်ဆေ့ချ်တွေကိုကြည့်ပြီး ဘယ်အမျိုးအစားနဲ့ ကိုက်ညီလဲဆုံးဖြတ်ပါ။

က။ အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း ခ။ သူငယ်ချင်းကိုအရှက်ရစေခြင်း ဂ။ ထရိုး (troll) ခေါ် ရန်စခြင်း။

 “နင်နာမည်ကြီးနေတာ မယုံနိုင်စရာပဲ။ နင်ပုံတွေအားလုံးက ကြောက်စရာကြီး။ နင်ဘာလို့များ ပုံတင်နေသေးလဲမသိပါဘူး”

ကလေးက ဘာကြောင့် နာမည်တစ်ခု ရိုက်ထည့်ဖို့လိုတာလဲ။

ဒီ အပြန်အလှန်တုံ့ပြန် ကစားရတဲ့ ဂိမ်းက ကစားသူ ၃ယောက်အထိ သူတို့ရဲ့ တိုးတက်မှုတွေကို သိမ်းထားပေးနိုင် ပါတယ်။ သင့်ကလေးက သူတို့နာမည်၊ နာမည်ပြောင်၊ နာမည်အစစာလုံး ဒါမှမဟုတ် စကားလုံးတွေ ရိုက်ထည့်နိုင် ပါတယ်။ ဒါကိုအသုံးပြုထားခြင်းဖြင့် ကစားသူအနေနဲ့ သူတို့ချန်ခဲ့တဲ့ နေရာကနေ ပြန်ကစားတဲ့အခါ သူတို့ ဘယ်ဂိမ်းကစား နေလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်။  ကစားသူအနေနဲ့ တူညီတဲ့ဖုန်း၊ ကွန်ပျူတာ၊  တူညီတဲ့ browser အသုံးပြုမှသာ ရိုက်ထည့်ထားတဲ့ နာမည်တွေကို ပြန်ကြည့်လို့ရမှာပါ။ သင့်ကလေးနာမည်ကို ဘယ်သူ့ ဆီမှ ပို့မှာ မဟုတ်သလို သင့်ရဲ့ ဖုန်း၊ကွန်ပျူတာ ထဲမှာကလွဲလို့ ဘယ်နေရာမှာမှ သိမ်းထားမှာမဟုတ်ပါဘူး။ နာမည်နဲ့ ဂိမ်းအဆင့်တွေကို ဂိမ်းထဲရှိ ပင်မစာမျက်နှာက အချိန်မရွေးဖျက်ပစ်နိုင်ပါတယ်။

ကလေး ဘာကြောင့် သူ့အသက်အရွယ်ကို ရိုက်ထည့်ဖို့လိုတာလဲ။

သင်ကြားမှုခရီးစဉ် မစတင်ခင် ကစားသူရဲ့အသက်ကိုသိဖို့ကအရေးကြီးပါတယ်။ ဒါမှ သင်ရိုးညွှန်တမ်းမှာ သူတို့ အသက်အရွယ်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့နေရာကို ညွှန်ပြနိုင်မှာဖြစ်ပါတယ်။ အသက် ၅ နှစ်မှ ၆ နှစ် အရွယ် ကလေးတွေကတော့သူတို့အတွက် စီစဉ်ထားတဲ့  အထူးဇုံကို တိုက်ရိုက် ရောက်မှာဖြစ်ပါတယ်။ အဲဒီမှာ သူတို့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာ ကျင်လည်မှုကို တည်ဆောက်ရာမှာ ကူညီပေးနိုင်မှာပါ။ အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်း သင်ယူသူတွေကတော့ သူတို့ရဲ့ ဉာဏ်စမ်းပဟေဠိ တွေကို ဘယ်လောက်ဖြေဆိုနိုင်သလဲနဲ့ ဘယ်လိုတိုးတက် နိုင်သလဲ ပေါ်မူတည်ပြီး အဆင့် ၃ ဆင့်ထဲက ကြိုက်ရာအဆင့်ကိုရွေးချယ်နိုင်မှာပါ။

ကျွန်တော်/ကျွန်မရဲ့ ကလေးရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို သိမ်းဆည်း ထားပါသလား။

ကျွနိုပ်တို့က Google Analytics ကိုသုံးပြီး မတူညီတဲ့ အသက်အရွယ်အလိုက် ဒီဂိမ်းကို ဘယ်နှစ်ယောက် ကစားလဲ ဆိုတာ ကြည့်ပါတယ်။ သင့်ကလေး နာမည်နဲ့ အသက်ကို သင် အသုံးပြုနေတဲ့ ပစ္စည်း (ဖုန်း၊ကွန်ပျူတာ စသည်) ထဲမှာ ကွတ်ကီး (cookie) အနေနဲ့ သိမ်းထား ပေးပါတယ်။ အဲလို သိမ်းထားခြင်းဖြင့် ကစားတဲ့သူက ရပ်ချင်တဲ့ နေရာ၊ ရပ်ချင်တဲ့ အဆင့်မှာ ဂိမ်းကို ရပ်တာ ပြန်ကစားတာလုပ်နိုင်ပါတယ်။ နာမည် ကို ကျွနုပ်တို့အတွက်ရော တခြား ရည်ရွယ်ချက်နဲ့ အသုံးပြုဖို့ အတွက်ရော သိမ်းထားတာမရှိပါဘူး။ အသက်အရွယ်နဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်ကိုတော့ Google analytics ကိုသုံးပြီး အမည်မဖော်ပြပဲ အသက်အရွယ် အမျိုးမျိုးမှာ ကစားသူ စုစုပေါင်း အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိအောင်လုပ်တာပါ။ အသက်အလိုက် သုံးစွဲသူစုစုပေါင်းနဲ့ အမည်မဖော်ပြပဲ ဆန်းစစ်ထားတဲ့အချက်အလက်တွေကိုတော့ ဂိမ်းဒီဇိုင်းနဲ့ အကြောင်းအရာတွေ ပြန်လည် ပြင်ဆင်ပြီး ပိုကောင်းလာအောင် လုပ်ဖို့ တယ်လီနော နဲ့ Parent Zone က အသုံးပြုမှာ ဖြစ်ပါတယ်။

ဂိမ်း၊ သင်ကြားရေးအရင်းအမြစ်များနှင့် ဝက်ဘ်ဆိုက် အသုံးပြုနည်း

ဉာဏ်စမ်းပဟေဠိတွေကို စမတ်ဖုန်းပေါ်မှာရော ကစားလို့ရလား။

ရပါတယ်။ အပြန်အလှန်တုံ့ပြန် ကစားနိုင်တဲ့ဂိမ်းတွေနဲ့ ဉာဏ်စမ်းပဟေဠိတွေကို  စမတ်ဖုန်းပေါ်မှာ ကစားလို့ ရပါတယ်။ ဝက်ဘ်ဆိုက်ပေါ်က ဂိမ်းတွေ သင်ကြားရေးအထောက်အကူပြု အရင်းအမြစ်တွေကို အင်တာနက် ချိတ်ပြီး စမတ်ဖုန်းကနေတဆင့် သုံးလို့ရနိုင်ပါတယ်။

ဒီသင်ရိုးညွှန်တမ်းကို အင်တာနက်မဖွင့်ဘဲကောအသုံးပြုနိုင်ပါသလား။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဉာဏ်စမ်းပဟေဠိတွေကို အင်တာနက်မရှိပဲ သုံးလို့မရပါဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေ၊ စာကြည့်တိုက်ထဲက သတင်းအချက်အလက်နဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ အမှန်ရွေးပေးရတဲ့ ပဟေဠိတွေ ကိုတော့ အင်တာနက်မဖွင့်တဲ့အခါ အသုံးပြုနိုင်အောင် ဒေါင်းလုပ်ဆွဲ ပြီး သိမ်းထားနိုင်ပါတယ်။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဂိမ်း ဆိုတာဘာလဲ။

အပြန်အလှန်တုံ့ပြန်နိုင်တဲ့ဂိမ်းက ကလေးတွေကို သူတို့အဆင်ပြေ သက်တောင့်သက်သာရှိတဲ့နှုန်း နဲ့ စူးစမ်းရှာဖွေပြီး လေ့လာသင်ယူနိုင်စေပါတယ်။

ကလေးတွေ ပျော်ပျော်ရွှင်ရွင် လေ့လာသင်ယူနိုင်ဖို့နှင့် သူတို့ရဲ့ဗဟုသုတတွေကိုစစ်ဆေးဖို့  ကာတွန်း ဇာတ်လမ်း အတိုလေးတွေနဲ့ ကစားဖို့ လွယ်ကူတဲ့ ဉာဏ်စမ်းပဟေဠိမေးခွန်းတွေကို ဂိမ်းမှာ ထည့်သွင်း ပေးထား ပါတယ်။

ကလေးတွေအတွက် ဂိမ်းပြီးဆုံးဖို့ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့် တစ်ခုစီတိုင်းမှာ ပိုမိုရှုပ်ထွေးလာပြီး အရှေ့က သင်ကြားခဲ့တဲ့ပေါ်အခြေခံပါတယ်။

ဒီအဆင့်တွေက အသက် ၇ နှစ်မှ ၁၆ အရွယ် ရှိကလေးတွေ အတွက်ရည်ရွယ် ပြုလုပ်ထား ပါတယ်။* အသက် ၅ နှစ်မှ ၆ နှစ်အတွင်းရှိ ကလေးတွေလေ့လာလို့ရမယ့် သီးသန့်နေရာလဲရှိပါတယ်။

*အဆင့်တိုင်းအတွက် အသက်အရွယ်တွေကို အကြံပြုသတ်မှတ်ထားပေမဲ့ အသက် (၇) နှစ် မှ (၁၆) နှစ် အတွင်းရှိ ကလေးတိုင်းနဲ့ သင့်တော်ပါတယ်။ သူတို့ကစားတဲ့အဆင့်တွေက သူတို့ရဲ့ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့သိရှိနားလည်မှု အပေါ် မူတည်နိုင်ပါတယ်။ ပိုမိုသင်ယူနိုင်ဖို့ စာကြည့်တိုက် ကိုအသုံးပြုနိုင်ပါတယ်။ အဆင့်တိုင်းကို ဖြတ်ကျော် တိုးတက်နိုင်ဖို့ ပဟေဠိတွေ ကို နောက်တစ်ခါ ပြန်ဖြေလို့ရတဲ့ ရွေးချယ်ခွင့် လဲရှိပါတယ်။

ဆုပေးခြင်းနှင့် အသိအမှတ်ပြုခြင်း

ပဟေဠိဂိမ်းတစ်ခု ဖြေဆိုအောင်မြင်ပြီးသွားတဲ့အခါ သင်ယူလေ့လာသူတွေကို ဒစ်ဂျစ်တယ်ဆုတံဆိတ် တစ်ခု ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ အဆင့်တစ်ခုတွက် ဆုတံဆိပ်အားလုံးရပြီးဆိုရင်တော့ သူတို့ဘာတွေသင်ယူခဲ့လဲ ဆိုတဲ့ အသေးစိတ်အချက်တွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ဂုဏ်ပြုမှတ်တမ်းကို ချီးမြှင့်ပေးမှာဖြစ်ပါတယ်။

အဆင့်တစ်ခုပြီးခြင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဒါမှ  သူတို့အဆင့်ဆင့် တိုးတက်ပြီး ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီသင်ရိုးညွှန်းတမ်းက အသက်အရွယ်အားလုံးအတွက်သင့်တော်ရဲ့လား။

ဟုတ်ကဲ့၊ သင့်တော်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေက အသက် ၅  နှစ်မှ ၁၆ နှစ်အတွင်း ရှိ ကလေးတိုင်းနဲ့ သင့်တော်ပါတယ်။ အသက် ၅ နှစ်မှ ၆ နှစ်အရွယ်တွေအတွက် သင်ယူနိုင်မဲ့နေရာ သီးသန့် ရှိပါသေးတယ်။ သင်ကြားမှုအဆင့်က ကလေးရဲ့သိရှိပြီးသား ဗဟုသုတပေါ် မူတည်ပါတယ်။ ကလေးတွေက အဆင့်တိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာပါ။ ပါဝင်တဲ့ သင်ခန်းစာတွေ အားလုံးက အသက်အရွယ် နဲ့ ကိုက်ညီပြီး ကျား/မ မရွေး သင်ကြားနိုင်ပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးက သင်ရိုးညွှန်တမ်းထဲက အဆင့် (၃)ဆင့်လုံးကို ကျော်ဖြတ်နိုင်ပါ့မလား။

ဟုတ်ကဲ့။ သင်ယူတဲ့သူက ပဟေဠိတွေကို ထပ်ခါထပ်ခါ ပြန်ဖြေလို့ရပါတယ်။ သူတို့တွေက လုံလောက်တဲ့ မေးခွန်းတွေကို မှန်အောင်ဖြေနိုင်ရင် လုပ်ဆောင်ချက်အားလုံးနဲ့ အဆင့်တိုင်းကို သူတို့ ဘာသာ ကျော်ဖြတ် နိုင်မှာပါ။ နောက်တစ်တဆင့်ကို တက်လှမ်းဖို့က သူတို့ရဲ့ သင်ယူနိုင်စွမ်း ပေါ်မှာမူတည်ပြီး အသက်အရွယ်နဲ့ မကန့်သတ်ထားပါဘူး။ သူတို့သိချင်တဲ့အချက်တွေကို စာကြည့်တိုက်မှာ ရှာနိုင်ပြီး ပဟေဠိတွေကို ပြန်မဖြေခင် လေ့လာလို့ရပါတယ်။ ပါဝင်တဲ့အကြောင်းအရာ အားလုံးက အသက်အရွယ်တိုင်းနဲ့ ကိုက်ညီပေမဲ့ မေးခွန်းနဲ့ ပြဿနာတွေက ပိုမိုရှုပ်ထွေးလာမှာဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုစီအတွက် စတင်ကစားတဲ့အဆင့် သတ်မှတ်ချက် က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ  ကွဲပြားခြားနားနိုင်ပါတယ်။

ကျွန်တော်/ကျွန်မရဲ့ ကလေးအတွက် စစချင်းအဖွင့် ဉာဏ်စမ်းပဟေဠိက အရမ်းခက်နေတယ်။ ကလေးက  ဘယ်မှာ ပိုမိုလေ့လာလို့ရနိုင်မလဲ။

ဒီဝက်ဘ်ဆိုက်က စာကြည့်တိုက်ထဲမှာ သင်ရိုးညွှန်တမ်းမှာပါတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ သင်ယူသူအနေနဲ့ မေးခွန်းကို လုံလုံလောက်လောက် မှန်ကန်အောင်မဖြေနိုင်ဘူးဆိုရင် စာကြည့်တိုက်မှာ သွားရောက်လေ့လာနိုင်ပြီး နောက်တစ်ခါပြန်ဖြေနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ နောက်တစ်နည်းကတော့ သူတို့လက်ရှိအဆင့်ထက် တစ်ဆင့် နိမ့်တာ ကိုရွေးချယ်ပြီး ပိုလွယ်တဲ့ မေးခွန်းတွေကို ဖြေဆိုကြည့်နိုင်ပါတယ်။

ကလေးတွေကို ဒီသင်ရိုးညွှန်တမ်းနဲ့ပတ်သက်ပြီး ဘယ်လိုပံ့ပိုးပေးရမလဲ။

မိဘတွေ၊ အုပ်ထိန်းသူတွေ နဲ့ ဆရာ၊ဆရာမတွေက ဒီသင်ရိုးညွှန်တမ်းကနေတဆင့် ကလေးတွေကို ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကလေးတွေကို မေးခွန်းတွေ ဖတ်ပြီး နားလည်အောင် ကူညီပေးခြင်း၊ လေ့ကျင့်ခန်းတွေပြီးအောင် အတူတူလုပ်ပေးခြင်း နဲ့  ပိုမိုဆွေးနွေးနိုင်အောင် နဲ့ စူးစမ်းလေ့လာ နိုင်အောင် စာကြည့်တိုက် ထဲက လက်တွေ့လေ့ကျင့်ခန်းတွေကို အသုံးပြုခြင်းတို့ပဲဖြစ်ပါတယ်။

လူကြီးတွေအတွက် ဒေါင်းလုပ်ရယူနိုင်တဲ့ အထူးပဟေဠိ တွေလဲရှိပါတယ်။ ဒါမှ သင့်ရဲ့အသိပညာ ဗဟုသုတ တိုးတက်လာနိုင်ပြီး သင့်ကလေးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။

အဆင့်တစ်ခုနဲ့ တစ်ခုကြား ကွာခြားချက်ကဘာလဲ။

အဆင့်တစ်ဆင့်စီတိုင်းက ပိုရှုပ်ထွေးလာပြီး  ကလေးတွေကို ဆန်းသစ်ပြီး ပိုစိတ်လှုပ်ရှားစရာနည်းလမ်းတွေနဲ့ ဒစ်ဂျစ်တယ်လောကအကြောင်းနားလည်မှုကို တိုးတက်လာအောင် ကူညီပေးပါတယ်။

အဆင့် ၁ – ဖော်ထုတ်ခွဲခြားတတ်ခြင်း

ဒီအဆင့်မှာတော့ကလေးတွေအနေနဲ့  အွန်လိုင်းဖြစ်ရပ်တွေ၊ အပြုအမူတွေက ကောင်းမွန်တဲ့နည်းလမ်း ဟုတ်မဟုတ် ဖော်ထုတ်နိုင်စေပါတယ်။ ဒီအဆင့်ဟာ အွန်လိုင်းလောကကို စတင် စူးစမ်းမယ့် ကလေးငယ်များ အတွက် ဖြစ်ပါတယ်။

ဥပမာ – မက်ဆေ့ချ်က ညှာတာထောက်ထားမှုရှိသလား မရှိဘူးလား ရွေးချယ်ခြင်း

ထွီ…နင်ကြည့်ရတာ ရွံစရာကြီး။

နင်က ငတုံးပါကွာ။

နင်ဝမ်းနည်းနေတာ ငါ စိတ်မကောင်းပါဘူး။ မနက်ဖြန်ကျရင် နင်သက်သာမယ်လို့ မျှော်လင့်ပါတယ်။

အဆင့် ၂ –  နားလည်သဘောပေါက်ခြင်း

ဒီအဆင့်မှာဆိုရင် ကလေးတွေအနေနဲ့ တချို့အွန်လိုင်းဖြစ်ရပ်တွေ နဲ့ အပြုအမူတွေက ဘာကြောင့် ကောင်းမွန်တဲ့ နည်းလမ်းဟုတ်မဟုတ် ပိုမိုနားလည်သဘောပေါက်စေပါတယ်။ ဒီအဆင့်မှာ အဆင့်(၁) ကိုအခြေခံပြီး ပိုမို ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို လက်တွေ့ဥပမာတွေနဲ့ လေ့လာစေပါတယ်။

ဥပမာ – အွန်လိုင်းပေါ်က မက်ဆေ့ချ်တစ်ခုကို ဖတ်လိုက်တာနဲ့ အလွယ်တကူ နားလည်မှုလွဲ နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်က ပြောတဲ့လူကို မမြင်နိုင်သလို သူဘယ်လိုလေသံနဲ့ ပြောလဲဆိုတာ မကြားနိုင်လို့ပါ။ အောက်ပါမက်ဆေ့ချ်တွေက ရိုင်းစိုင်းတာလား နားလည်မှုလွဲခြင်းလား။

“နင့်ကိုကြည့်ရတာဆိုးလိုက်တာ၊ ငါကနင်တဲ့မတူတာ ငါတော်တော်ဝမ်းသာတယ်”

“ဟင်… ဓါတ်ပုံကပုံမှန်မဟုတ်ဘူး”

“နင့်ဓါတ်ပုံကရယ်စရာကြီး။”

အဆင့် ၃ – ဝေဖန်ဆန်းစစ်ခြင်း

ဒီအမြင့်ဆုံးအဆင့်မှာ သင်ယူသူအနေနဲ့  အွန်လိုင်းဖြစ်ရပ် အမျိုးမျိုးအတွက်  အသင့်တော်ဆုံး ဖြေရှင်းတဲ့ နည်းလမ်း တွေကို ဝေဖန်ပိုင်းခြားဆန်းစစ်စေပါတယ်။ ဒီအဆင့်က အသက်ကြီးတဲ့ကလေးတွေ၊  အွန်လိုင်းနဲ့ လူမှုမီဒီယာအသုံးပြုတာ အတွေ့အကြုံရှိတဲ့လူတွေအတွက် ဖြစ်ပါတယ်။

ဥပမာ – အောက်ဖော်ပြပါ ညှာတာထောက်ထားမှုမရှိတဲ့ မက်ဆေ့ချ်တွေကိုကြည့်ပြီး ဘယ်အမျိုးအစားနဲ့ ကိုက်ညီလဲဆုံးဖြတ်ပါ။

က။ အွန်လိုင်းပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခြင်း ခ။ သူငယ်ချင်းကိုအရှက်ရစေခြင်း ဂ။ ထရိုး (troll) ခေါ် ရန်စခြင်း။

 “နင်နာမည်ကြီးနေတာ မယုံနိုင်စရာပဲ။ နင်ပုံတွေအားလုံးက ကြောက်စရာကြီး။ နင်ဘာလို့များ ပုံတင်နေသေးလဲမသိပါဘူး”

ကလေးက ဘာကြောင့် နာမည်တစ်ခု ရိုက်ထည့်ဖို့လိုတာလဲ။

ဒီ အပြန်အလှန်တုံ့ပြန် ကစားရတဲ့ ဂိမ်းက ကစားသူ ၃ယောက်အထိ သူတို့ရဲ့ တိုးတက်မှုတွေကို သိမ်းထားပေးနိုင် ပါတယ်။ သင့်ကလေးက သူတို့နာမည်၊ နာမည်ပြောင်၊ နာမည်အစစာလုံး ဒါမှမဟုတ် စကားလုံးတွေ ရိုက်ထည့်နိုင် ပါတယ်။ ဒါကိုအသုံးပြုထားခြင်းဖြင့် ကစားသူအနေနဲ့ သူတို့ချန်ခဲ့တဲ့ နေရာကနေ ပြန်ကစားတဲ့အခါ သူတို့ ဘယ်ဂိမ်းကစား နေလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်။  ကစားသူအနေနဲ့ တူညီတဲ့ဖုန်း၊ ကွန်ပျူတာ၊  တူညီတဲ့ browser အသုံးပြုမှသာ ရိုက်ထည့်ထားတဲ့ နာမည်တွေကို ပြန်ကြည့်လို့ရမှာပါ။ သင့်ကလေးနာမည်ကို ဘယ်သူ့ ဆီမှ ပို့မှာ မဟုတ်သလို သင့်ရဲ့ ဖုန်း၊ကွန်ပျူတာ ထဲမှာကလွဲလို့ ဘယ်နေရာမှာမှ သိမ်းထားမှာမဟုတ်ပါဘူး။ နာမည်နဲ့ ဂိမ်းအဆင့်တွေကို ဂိမ်းထဲရှိ ပင်မစာမျက်နှာက အချိန်မရွေးဖျက်ပစ်နိုင်ပါတယ်။

ကလေး ဘာကြောင့် သူ့အသက်အရွယ်ကို ရိုက်ထည့်ဖို့လိုတာလဲ။

သင်ကြားမှုခရီးစဉ် မစတင်ခင် ကစားသူရဲ့အသက်ကိုသိဖို့ကအရေးကြီးပါတယ်။ ဒါမှ သင်ရိုးညွှန်တမ်းမှာ သူတို့ အသက်အရွယ်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့နေရာကို ညွှန်ပြနိုင်မှာဖြစ်ပါတယ်။ အသက် ၅ နှစ်မှ ၆ နှစ် အရွယ် ကလေးတွေကတော့သူတို့အတွက် စီစဉ်ထားတဲ့  အထူးဇုံကို တိုက်ရိုက် ရောက်မှာဖြစ်ပါတယ်။ အဲဒီမှာ သူတို့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာ ကျင်လည်မှုကို တည်ဆောက်ရာမှာ ကူညီပေးနိုင်မှာပါ။ အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်း သင်ယူသူတွေကတော့ သူတို့ရဲ့ ဉာဏ်စမ်းပဟေဠိ တွေကို ဘယ်လောက်ဖြေဆိုနိုင်သလဲနဲ့ ဘယ်လိုတိုးတက် နိုင်သလဲ ပေါ်မူတည်ပြီး အဆင့် ၃ ဆင့်ထဲက ကြိုက်ရာအဆင့်ကိုရွေးချယ်နိုင်မှာပါ။

ကျွန်တော်/ကျွန်မရဲ့ ကလေးရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို သိမ်းဆည်း ထားပါသလား။

ကျွနိုပ်တို့က Google Analytics ကိုသုံးပြီး မတူညီတဲ့ အသက်အရွယ်အလိုက် ဒီဂိမ်းကို ဘယ်နှစ်ယောက် ကစားလဲ ဆိုတာ ကြည့်ပါတယ်။ သင့်ကလေး နာမည်နဲ့ အသက်ကို သင် အသုံးပြုနေတဲ့ ပစ္စည်း (ဖုန်း၊ကွန်ပျူတာ စသည်) ထဲမှာ ကွတ်ကီး (cookie) အနေနဲ့ သိမ်းထား ပေးပါတယ်။ အဲလို သိမ်းထားခြင်းဖြင့် ကစားတဲ့သူက ရပ်ချင်တဲ့ နေရာ၊ ရပ်ချင်တဲ့ အဆင့်မှာ ဂိမ်းကို ရပ်တာ ပြန်ကစားတာလုပ်နိုင်ပါတယ်။ နာမည် ကို ကျွနု်ပ်တို့အတွက်ရော တခြား ရည်ရွယ်ချက်နဲ့ အသုံးပြုဖို့ အတွက်ရော သိမ်းထားတာမရှိပါဘူး။ အသက်အရွယ်နဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်ကိုတော့ Google analytics ကိုသုံးပြီး အမည်မဖော်ပြပဲ အသက်အရွယ် အမျိုးမျိုးမှာ ကစားသူ စုစုပေါင်း အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိအောင်လုပ်တာပါ။ အသက်အလိုက် သုံးစွဲသူစုစုပေါင်းနဲ့ အမည်မဖော်ပြပဲ ဆန်းစစ်ထားတဲ့အချက်အလက်တွေကိုတော့ ဂိမ်းဒီဇိုင်းနဲ့ အကြောင်းအရာတွေ ပြန်လည် ပြင်ဆင်ပြီး ပိုကောင်းလာအောင် လုပ်ဖို့ တယ်လီနော နဲ့ Parent Zone က အသုံးပြုမှာ ဖြစ်ပါတယ်။