အချက်အလက်မူဝါဒနှင့် အသုံးပြုမှုစည်းမျဉ်းစည်းကမ်းများ

ဝက်ဘ်ပေ့ချ် အချက်အလက် ကြေညာချက်

 

ဤဝက်ဘ်ဆိုက်ကို တယ်လီနောမြန်မာ မှစီမံပြီး ဤဝက်ဘ်ဆိုက်မှတဆင့် စုစည်းရရှိသည့် သတင်း အချက်အလက်များအား  ‘ဒေတာထိန်းချုပ်သူ’ အနေဖြင့်လုပ်ဆောင် သည့်တရားဝင် အဖွဲ့အစည်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကိုအသုံးပြုနေချိန်တွင် သင့်၏လမ်းကြောင်းကိုဖော်ပြသည့် အီလက်ထရောနစ် အမှတ်အသားများ ချန်ထားခဲ့နိုင်သည်။ (ဥပမာ – IP address)။  ထိုအချက်အလက်များကို ဒေတာစီးဆင်းမှု လမ်းကြောင်းများ(traffic patterms) ကို အဓိပ္ပါယ်ဖော်ရန်နှင့် ပိုမိုနားလည်စေရန် ကျွန်ုပ်တို့မှအသုံးပြုပါသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကျွန်ုပ်တို့၏ သုံးစွဲသူများ အကျိုးရှိစေရန်အလို့ငှာ ဤဝက်ဘ်ဆိုက်၏ အဆင့်အတန်းကို တိုးတက်အောင် ပြုလုပ်နိုင်ရန်ဖြစ်ပါသည်  ထို့ကြောင့် ကျွနု်ပ်တို့ အနေဖြင့် Regulation (EU) 2016/679 (“GDPR”)  သို့မဟုတ် ၎င်းနှင့် ညီမျှသော ပြည်တွင်းဥပဒေ စည်းမျဉ်း ပါအတိုင်း ဥပဒေနှင့်အညီ အချက်အလက် များကို ကျွနု်ပ်တို့မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ကွတ်ကီးကို အသုံးပြုခြင်း

 

ကွတ်ကီး (cookies) သည် ဒေတာစီးဆင်းမှု (traffic) ကိုကူညီတိုင်းတာပေးပြီး သင့် ကစားပွဲ (ဂိမ်း) ကို ကူညီစောင့်ကြည့်မှတ်သားပေးပါသည်။

ဤဆိုက်ပေါ်ရှိဒေတာစီးဆင်းမှုကို တိုင်းတာရန် ဤဆိုက်တွင် cookies ကို အသုံးပြုထားပါသည်။ ကွတ်ကီး ဆိုသည်မှာ ဝက်ဘ်ပေ့ချ် ဆာဗာ မှ hard disk ပေါ်သို့ထည့်လိုက်သည့် သေးငယ်သော စာဖိုင် (text file) ဖြစ်ပါသည်။ ကွတ်ကီးတွင် သင့်ကို ကွတ်ကီးထုတ်ပေးလိုက်သော domine ထဲမှ ဝက်ဘ်ဆာဗာ က နောင်တစ်ချိန် တွင် ပြန်ဖတ်နိုင်မည့် သတင်းအချက်အလက်များပါဝင်ပါသည်။

အပြန်အလှန်တုံ့ပြန်နိုင်သော ကစားပွဲ (ဂိမ်း)တွင် ကစားသူ၏ IP address ၊ ရိုက်ထည့်ထားသော နာမည်နှင့် ကစားသူ လက်ရှိရောက်နေသော နေရာတို့ကို သိမ်းထားနိုင်ရန် ဤဆိုက်တွင် ကွတ်ကီးကို အသုံးပြု ထားပါသည်။ ထိုအချက်အလက်များကို အသုံးပြုသည့်အတွက်ကြောင့် ကစားသူက ဂိမ်းကစားသည့် အချိန်တိုင်း အစမှပြန်စ စရာမလိုပဲ ရပ်နိုင်ခြင်း၊ ဆက်လက်ကစားနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

 

Goolge Analytics ၏ အချက်အလက်မူဝါဒ

 

ဤဝက်ဘ်ဆိုက်သည် ဂူဂဲလ်ကုမ္ပဏီ (Google, Inc) မှ  ပံ့ပိုးပေးသော  ဝက်ဘ်ကိုခွဲခြမ်းစိတ်ဖြာ လေ့လာသည့် ဝန်ဆောင်မှု Google Analytics ကိုအသုံးပြုထားပါသည်။ Google Analytics က သင်ဝက်ဘ်ဆိုက်ကို မည်သို့

သုံးစွဲသည်ဆိုသည်ကို ဝက်ဘ်ဆိုက်မှ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ရန်အတွက်  သင့် ကွန်ပျုတာထဲ ထည့်ထားသော စာဖိုင် (ကွတ်ကီး) ကို အသုံးပြုပါသည်။ သင် ဝက်ဘ်ဆိုက် အသုံးပြုမှု အကြောင်း ကွတ်ကီးမှ ထုတ်လုပ်

လိုက်သော သတင်းအချက်အလက်များကို သာမန်အားဖြင့် အမေရိကန်ပြည်ထောင်စုရှိ ဂူဂလ်က server များထဲသို့ ထုတ်လွှတ်ပေးပြီး သိမ်းဆည်းပေး ထားပါသည်။ သင်၏ သတင်းအချက်အလက်များကို ကာကွယ်

ပေးထားနိုင်ရန်အတွက် သင့်တင့်လျောက်ပတ်သော တရားဥပဒေ အကာအကွယ်ရှိရရှိစေရန် ကျွန်ုပ်တို့ ဆောင်ရွက်မည် ဖြစ်ပါသည်။

 

ဂူဂဲလ်မှ ဤဝက်ဘ်ဆိုက်၏ စီမံခန့်ခွဲသူကိုယ်စား ထိုသတင်းအချက်အလက်များကို အသုံးပြုပါမည်။ 

 

ရည်ရွယ်ချက်မှာ သင်ဝက်ဘ်ဆိုက်အသုံးပြုမှုကို ဆန်းစစ်ရန်၊ ဝက်ဘ်စီမံခန့်ခွဲသူများအတွက် ဝက်ဘ်ဆိုက် လုပ်ဆောင်မှုများကို စုစည်းတင်ပြရန် နှင့် ဝက်ဘ်ဆိုက်လုပ်ဆောင်မှု နဲ့ အင်တာနက် အသုံးပြုမှုနဲ့ ဆက်စပ်သော အခြားဝန်ဆောင်မှုများ ကို ဝက်ဘ်ဆိုက်စီမန်ခံ့ခွဲသူအား ထောက်ပံ့ပေးရန် တို့ဖြစ်ပါသည်။ သင့်၏ Browser ပေါ်မှ သင့်တော်သော setting ကိုအသုံးပြုပြီး ကွတ်ကီး အသုံးပြုမှု ကို ငြင်းဆိုနိုင်ပါသည်။ သို့သော် သင်ထိုသို့ လုပ်ဆောင်ပါက ဤဝက်ဘ်ဆိုက်၏ လုပ်ဆောင်ချက် အပြည့်အဝ ကို သင် အသုံးပြုနိုင်မည်မဟုတ်ဟု သိထားရပေမည်။

 

အောက်ဖော်ပြပါ လင့်ခ်မှ browser plug-in ကို ဒေါင်းလုပ်ဆွဲပြီး သွင်းထားခြင်းဖြင့် သင်ဝက်ဘ်ဆိုက် အသုံးပြုမှုနှင့် ပတ်သက်ပြီး (သင့်ရဲ့IP address အပါအဝင်) ကွတ်ကီးမှ ထုတ်ပေးထားသော အချက်အလက်များ စုဆောင်းခြင်း နှင့်် အသုံးပြုစီမံခန့်ခွဲခြင်းများကို သင့်အနေနဲ့ကာကွယ်တားဆီးနိုင်ပါသည်။  

 

https://tools.google.com/dlpage/gaoptout/

 

စာရင်းဇယားပြုစုရန် အလို့ငှာ ကျွန်ုပ်တို့သည် စုပေါင်း လူမှုပထဝီ အချက်အလက်များ (aggregate demographic data) ကို ခွဲခြမ်းစိတ်ဖြာရာတွင် Google Analytics Advertising Features ကို အသုံးပြုပါသည်။ ထိုသို့လုပ်ဆောင်မှုများကို သင့် အနေနှင့် မလုပ်စေလိုပါက Ads Preferences Manager ထဲတွင် လုပ်ဆောင်ချက် ကို ဖျက်သိမ်း (deactivate) နိုင်ပါသည်။ အချက်အလက်ကာကွယ်ခြင်းနှင့်  အသုံးပြုမှု စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ပါလင့်ခ်များတွင် ကြည့်နိုင်ပါသည်။

http://www.google.com/analytics/terms/en.html  သို့မဟုတ် https://www.google.de/intl/en/policies /.

 

သင်၏ ရပိုင်ခွင့်

သင်၏အချက်အလက်အား တောင်းဆိုနိုင်ခွင့်၊ အချက်အလက်များ အသုံးပြုမှုအား ငြင်းပိုင်ခွင့်၊ အချက်အလက်များအားအသုံးပြုမှုအပေါ်ကန့်သတ်ခွင့် တို့ကိုကို တောင်းဆိုပိုင်ခွင့်ရှိပါသည်။ ထိုသို့တောင်းဆိုရန်အတွက် ကျွနု်ပ်တို့ကို ဆက်သွယ်နိုင်ပါသည်။

သက်ဆိုင်ရာဥပဒေအရ  သက်ဆိုင်ရာ ဒေသန္တရကြီးကြပ်ရေး အာဏပိုင်အဖွဲ့နှင့်  အတူ ကျွနု်ပ်တို့ အား ကျေနပ်မှုမရှိကြောင်းတိုင်ကြားပိုင်ခွင့်ရှိပါသည်။

ဝက်ဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများ

၁။ စည်းကမ်းချက်များ

သင်ဤဝက်ဘ်ဆိုက်ကို ဝင်ရောက်အသုံးပြုခြင်းသည် ဤဝက်ဘ်ဆိုက်တွက်သတ်မှတ်ထားသည့်  ဝက်ဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာ ဥပဒေများ နှင့် စည်းမျဉ်း များတို့ကိုသဘောတူပြီးဖြစ်ပါသည်။ အကယ်၍ သင်က ဤစည်းကမ်းချက်များအား သဘောတူညီမှုမရှိပါက  ဝက်ဆိုက်  အသုံးပြု ခွင့်နှင့်  ဝင်ရောက်ခွင့် ကို တားမြစ်ခံရမည်ဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက်တွင်ပါဝင်သည့် အကြောင်းအရာများအား သက်ဆိုင်ရာမူပိုင်ခွင့်နဲ့ ကုန်ပစ္စည်းဥပဒေ တို့က ကာကွယ်ပေးထားပါသည်။

၂။ လိုင်စင်အသုံးပြုမှု

ဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာများ (သတင်းအချက်အလက် သို့မဟုတ် ဆော့ဖ်ဝဲလ်) အား အကျိုးအမြတ်အတွက်မဟုတ်ပဲ ကြည့်ရှုရုံ ယာယီ  ထုတ်ယူနိုင်ရန်ခွင့်ပြုခြင်းဖြစ်ပါသည်။

ကန့်သတ်ထားသည့်လိုင်စင်အရ ခွင့့်ပြုခြင်းဖြစ်ပြီး လိုင်စင်ပိုင်ဆိုင်မှုအား လွဲပြောင်းခြင်း မဟုတ်ပါ။ အဆိုပါလိုင်စင်အောက်တွင် အောက်ပါအချက်များပြုလုပ်ခြင်းမပြုရပါ။

  • စီးပွားရေးအကျိုးအမြတ်အတွက် အသုံးပြုခြင်း
  • ဝက်ဆိုက်မှာပါဝင်သည့် ဆော့ဝဲလ်ကို ခွဲထုတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း
  • ပစ္စည်း/သတင်းအချက်အလက်များ၏ မူပိုင်ခွင့် (သို့) အခြားပိုင်ဆိုင်ခွင့်သငေ်္ကတ များအား ဖယ်ရှားခြင်း

ဤလိုင်စင်ပါခွင့်ပြုချက်သည် အထက်ကသတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ဖောက်ဖျက်သည်နှင့် တပြိုင်နက် အလိုအလျောက်ပျက်ပြယ်သလို ကျွန်ုပ်တို့မှလဲ အချိန်မရွေး ရုပ်သိမ်းနိုင်ပါသည်။

၃။ ငြင်းဆိုချက်

ဝက်ဘ်ဆိုက်ပေါ်ရှိသည့် အကြောင်းအရာများသည် လက်ရှိ အခြေအနေအတွက်သာ ပံ့ပိုးပေးပါသည်။   ကျွန်ုပ်တို့ မှ အာမခံချက်များအား ၊ တိုက်ရိုက် ဖြစ်စေ  သွယ်ဝိုက်၍ဖြစ်စေ ဖော်ပြထားခြင်းမရှိပါ။ ထို့အပြင် အခြားအာမခံချက်များ ဖြစ်သော ဈေးကွက်တွင် ရောင်းချနိုင်ခြင်းနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်ခြင်း၊  ဉာဏပစ္စည်း ပိုင်ဆိုင်မှုကို ဖောက်ဖျက်ခြင်း နှင့် အခြားရပိုင်ခွင့်များအား ချိုးဖောက်ခြင်းတို့ အပါအဝင် ကန့်သတ်ခြင်း မရှိဘဲ ၎င်းတို့နှင့် သက်ဆိုင်သည့် အာမခံချက်များအား ပေးအပ်ထားခြင်း မရှိပါ။ ထပ်မံ၍ ကျွနု်ပ်တို့မှ ဤဝက်ဘ်ဆိုက် ပေါ်ရှိ အကြောင်းအရာများကို သော်လည်းကောင်း (သို့) ထိုအကြောင်းအရာများနှင့် ဆက်စပ်၍သော်လည်းကောင်း (သို့) ဤဆိုက်နဲ့ ချိတ်ဆက်နေသည့်လင့်ခ် များနှင့်ပတ်သက်၍သော်လည်းကောင်း အသုံးပြုရာမှ ဖြစ်ပေါ်လာသည့် တိကျမှန်ကန်မှု၊ ရလာဒ် အလားလာ နှင့် စိတ်ချရမှုတို့ကို  ကိုယ်စားပြုခြင်း (သို့) အာမခံခြင်းတို့ ပြုလုပ်ပေးခြင်း မရှိပါ။

၄။ ကန့်သတ်ချက်များ

မည်သည့်အခြေအနေမျိုးတွင်မဆို ဝက်ဘ်ဆိုက်ပေါ်ရှိ သတင်းအချက်အလက်များအား သုံးစွဲခြင်း (သို့) မသုံးစွဲနိုင်ခြင်းမှ ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများ (အချက်အလက် (သို့) အကျိုးအမြတ်များ ဆုံးရှုံးခြင်း (သို့) ၊ စီးပွားရေးအရ အနှောင့်အယှက်ခံရခြင်းတို့ အပါအဝင် ကန့်သတ်ခြင်း မရှိဘဲ) အတွက်ဖြစ်စေ၊ ကျွန်ုပ်တို့ (သို့) ကျွန်ုပ်တို့၏တရားဝင် ကိုယ်စားလှယ်များအား နှုတ်ဖြင့် (သို့မဟုတ်) စာဖြင့် ထိုသို့ ပျက်စီးဆုံးရှုံးနိုင်ခြေ များကို အကြောင်းကြားပြီးသော်လည်းဖြစ်စေ ကျွန်ုပ်တို့ (သို့) ကျွန်ုပ်တို့ နှင့် ပူးပေါင်းဆောင်ရွက်နေသူများတွင် တာဝန်မရှိချေ။

၅။ ပြန်လည်ပြင်ဆင်ခြင်း နှင့် အမှားပြင်ဆင်ခြင်း

ဝက်ဘ်ဆိုက်ပါအကြောင်းအရာများတွင် နည်းပညာပိုင်းဆိုင်ရာ၊ ပုံနှိပ်ခြင်းဆိုင်ရာ သို့မဟုတ် ရုပ်ပုံပိုင်းဆိုင်ရာ အမှားများ ပါနိုင်ပါသည်။ ဤဝက်ဆိုက်ပေါ်မှ မည်သည့် အကြောင်းအရာကိုမဆို တိကျသည်၊ ပြည့်စုံသည်၊ သို့မဟုတ် ခေတ်မီသည်ဟု ကျွန်ုပ်တို့ အာမမခံပါ။ ကျွန်ုပ်တို့သည် ဝက်ဆိုက်ပေါ်ရှိ အကြောင်းအရာများကို ကြိုတင်အကြောင်းကြားမှုမရှိပဲ အချိန်မရွေး ပြောင်းလဲမှုပြုလုပ်နိုင်ပါသည်။ သို့သော်  ဤအကြောင်းအရာများ ကို အသစ်ပြင်ဆင်မွမ်းမံမှု ပြုလုပ်မည်ဟုလည်း အာမခံပါ။

၆။ ချိတ်ဆက်မှုများ

ကျွန်ုပ်တို့သည် သင့်တော်သည့်ဆိုက်များနှင့် ချိတ်ဆက်ရန်သာ ကြိုးစားအားထုတ်မည်ဖြစ်ပြီး  ဤဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်နေသောဆိုက်များအားလုံးကို ပုံမှန်ပြန်လည်စစ်ဆေးခြင်း မပြုလုပ်နိုင်ပါ။ ဆက်စပ်ချိတ်ဆက်နေသော ဆိုက်များတွင်ပါဝင်သော အကြောင်းအရာများ အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ မည်သည့် ချိတ်ဆက်မှုမဆိုထည့််သွင်းထားခြင်းသည် ထိုဆိုက်အတွက် ကျွန်ုပ်တို့မှ အတည်ပြုထောက်ခံထားခြင်းဖြစ်သည်ဟု မဆိုလိုပါ။ 

၇။ ဆိုက်စည်းမျဉ်းစည်းကမ်းပြင်ဆင်ခြင်း

ဝက်ဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများကို ကြိုတင်အကြောင်းကြားမှုမရှိပဲ အချိန်မရွေး ကျွန်ုပ်တို့မှ ပြင်ဆင်နိုင်ပါသည်။ ဤဝက်ဆိုက်ကိုအသုံးပြုခြင်းအားဖြင့် သင်သည် လက်ရှိချမှတ်ထား သော အသုံးပြုမှု စည်းမျဉ်းစည်းကမ်းတွေကို သဘောတူခြင်းဖြစ်သည်။

၈။ တရားစီရင်ပိုင်ခွင့်နှင့် အုပ်ချုပ်မှုဆိုင်ရာဥပဒေများ

ပြောဆိုချက်များ၊ အငြင်းပွားမှုများနှင့်  ဤဝက်ဆိုက် နှင့်ပတ်သက်ပြီး သို့မဟုတ် ဆက်စပ်ပြီး ထွက်ပေါ်လာသည့် အငြင်းပွားမှုများမှာ  ဥပဒေပြဌါန်းချက်မှ ကွဲလွဲမှုများမရှိစေဘဲ နော်ဝေးနိုင်ငံ၏ ဥပဒေနဲ့ ချုပ်ကိုင်ထားပြီး တရားစီရင်ပိုင်ခွင့် အားလုံးမှာ နော်ဝေးတရားရုံး၏ အမိန့်အောက်တွင်ဖြစ်ပါသည်။

သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအပေါ်မူတည်ပြီး သင်နေထိုင်ရာနိုင်ငံ အပါအဝင်အခြားနိုင်ငံများမှ သင်သဘောကျ နှစ်သက်သည့် ဥပဒေ အောက်တွင်ပါ သင့် ၏ရပိုင်ခွင့်ကို အခိုင်အမာ တောင်းဆိုနိုင်ဖို့ ကြိုးစားနိုင်ပါသည်။

 

[ဆက်သွယ်ရန်]

http://digiworld.theparentzone.co.uk/contact/

ဆက်သွယ်ရန်

ဖော်ပြပါစည်းမျဉ်းစည်းကမ်းများနဲ့ပတ်သက်ပြီး မေးမြန်းလိုသည်များရှိလျှင် သို့မဟုတ် သင့်ရဲ့ရပိုင်ခွင့်ကို ကျင့်သုံးလိုလျှင် အောက်ပါ အီးမေးလ်ကနေတဆင့်ဆက်သွယ်နိုင်ပါသည်။

info@parentzone.org.uk

ဒစ်ဂျစ်တယ်ကမ္ဘာသင်ရိုးညွှန်တမ်းနှင့် သင်ကြားရေး အရင်းအမြစ်များနှင့် ပတ်သက်ပြီး မေးမြန်းလိုသည် များရှိပါက အောက်ပါ အီးမေးလ်မှ တဆင့်ဆက်သွယ်နိုင်ပါသည်။

info@parentzone.org.uk