ဒေါင်းလုပ်ရယူနိုင်တဲ့ လေ့ကျင့်ခန်းတွေမှာ ကဏ္ဍ တစ်ခုချင်းစီက အဓိကကျတဲ့ အကြောင်းအရာတွေ ပါဝင် ပါတယ်။ အဲဒီ ကဏ္ဍတွေကတော့  အွန်လိုင်းပေါ်မှာ ညှာတာ ထောက်ထားမှုရှိခြင်း၊ အွန်လိုင်းပေါ်မှာ ဘေးကင်း လုံခြုံအောင်နေထိုင်ခြင်း နဲ့ အခက်အခဲ အမှားအယွင်းတွေကြုံတွေ့ရရင် ပြန်လည်ပြုပြင်တည့်မတ်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
ကိုယ်တိုင်လေ့လာနိုင်တဲ့ သင်ရိုးညွှန်းတမ်း တစ်ခုအနေနဲ့ ဒီလေ့ကျင့်ခန်းတွေက အိမ်မှာရော စာသင်ခန်းမှာရော အသုံးပြုနိုင်ပါတယ်။
ဖော်ထုတ်ခွဲခြားတတ်ခြင်း၊ နားလည်သဘောပေါက်ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း ဆိုတဲ့ အဆင့် (၃) ဆင့်မှာ တစ်ဆင့်ချင်းစီအတွက် လေ့ကျင့်ခန်းတစ်ခုစီ ရှိပါတယ်။ ဒီလို ထားရှိပေး ထားတာက ကလေးတွေကို တစ်ဆင့်ချင်း တိုးတက်လာစေဖို့ အထောက်အကူပြုပါတယ်။
လေ့လာတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့ ဝေါဟာရ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ လက်တွေ့လေ့ကျင့်ခန်းတွေပါဝင်တဲ့ အွန်လိုင်းစာကြည့်တိုက်လဲရှိပါတယ်။

အားလုံးကို ဒေါင်းလုပ်လုပ်မည်

အင်တာနက်မရှိတဲ့အချိန်မှာ ပြန်သုံးနိုင်အောင် လေ့ကျင့်ခန်းအားလုံးကို print ထုတ်မလား၊ သိမ်းထားချင်ပါ သလား။ လေ့ကျင့်ခန်းအားလုံးကို ဒေါင်းလုပ်ဆွဲနိုင်ဖို့ အောက်ပါ ခလုတ်ကို နှိပ်ပါ။

Level One

Digiworld Underst. the Dig. World Level 1 Worksheet 1_1_mm
ဒစ်ဂျစ်တယ်ကမ္ဘာကိုနားလည်ခြင်း (အဆင့် ၁)

သင်ကြားခြင်းရည်ရွယ်ချက်။ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ သဘောသဘာဝ အမျိုးမျိုးကို နားလည်စေရန်။

Digiworld Be Safe Online Level 1 Worksheet 3_1_mm
အွန်လိုင်းပေါ်ဘေးကင်းလုံခြုံစွာနေထိုင်ခြင်း- ၁

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းမက်ဆေ့ချ်တွေက ဘေးကင်းတဲ့ အွန်လိုင်းမက်ဆေ့ချ် နဲ့ ထိခိုက်နိုင်တဲ့ မက်ဆေ့ချ်တို့ကို ဖော်ထုတ်ခွဲခြားတတ်စေရန်။

အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူ (အဆင့် ၁)

သင်ကြားခြင်းရည်ရွယ်ချက်။ ညှာတာထောက်ထားမှုရှိတဲ့ အွန်လိုင်းမက်ဆေ့ချ် နဲ့ ညှာတာထောက်ထားမှု မရှိတဲ့ အွန်လိုင်းမက်ဆေ့ချ် တို့ကို ဖော်ထုတ်ခွဲခြားတတ်စေရန်။

Digiworld Recovery Level 1 Worksheet 3_1_mm_Page_1
ပြန်လည်ပြုပြင်တည့်မတ်နိုင်ခြင်း (အဆင့် ၁)

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပြဿနာတွေ နဲ့ အမှားတွေကနေ ပြန်လည်ပြုပြင် တည့်မတ်နိုင်မယ့် နည်းလမ်းအမျိုးမျိူးကို ဖော်ထုတ်ခွဲခြားတတ်စေရန်။

Level Two

Digiworld Underst. the Dig. World Level 2 Worksheet 1_1_mm_Page_1
ဒစ်ဂျစ်တယ်ကမ္ဘာကို နားလည်ခြင်း (အဆင့် ၂)

သင်ကြားခြင်းရည်ရွယ်ချက်။ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ သဘောသဘာဝ အမျိုးမျိုးကို နားလည်စေရန်။

Digiworld Be Safe Online Level 2 Worksheet 3_1_mm
အွန်လိုင်းပေါ်ဘေးကင်းလုံခြုံစွာနေထိုင်ခြင်း -၂

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပေါ် ယုံကြည်စိတ်ချလို့မရတဲ့ အရာတွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ နားလည်စေရန်။ သတင်းအတု အကြောင်း မိတ်ဆက်ခြင်း။

Digiworld Digital Citizen Level 2 Worksheet 3_1_mm
အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူ (အဆင့် ၂)

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပေါ်က ဘယ်အပြုအမူတွေက ညှာတာထောက်ထားမှုရှိပြီး ဘယ် အပြုအမူကတော့ ညှာတာထောက်ထားမှု မရှိတာလဲ ဆိုတာ နားလည်နိုင်စွမ်းရှိလာစေရန်။

Digiworld Recovery Level 2 Worksheet 3_1_mm
အမှားဖြစ်သွားရင် ဘယ်လိုပြန်လည်ပြုပြင်တည့်မတ်နိုင်မလဲ - ၂

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပြဿနာတွေနဲ့ အမှားတွေကနေ ပြန်လည်ပြုပြင် တည့်မတ်နိုင်ဖို့ အသင့်တော်ဆုံးဖြေရှင်းနည်းတွေကို သိရှိနားလည်နိုင်စွမ်းရှိလာစေရန်။

Level Three

Digiworld Underst. the Dig. World Level 3 Worksheet 1_1_mm_Page_1
ဒစ်ဂျစ်တယ်ကမ္ဘာကို နားလည်ခြင်း (အဆင့် ၃)

သင်ကြားခြင်းရည်ရွယ်ချက်။ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ သဘောသဘာဝ အမျိုးမျိုးကို နားလည်စေရန်။

Digiworld Be Safe Online Level 3 Worksheet 3_1_mm_Page_1
အွန်လိုင်းပေါ်ဘေးကင်းလုံခြုံစွာနေထိုင်ခြင်း - ၃

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပေါ်က တစ်စုံတစ်ခုက ထိခိုက်စေနိုင်တဲ့အရာလား ဒါမှမဟုတ် ဘေးကင်းလုံခြုံတဲ့အရာလား နဲ့ ဘာကြောင့်လဲဆိုတာ ဆန်းစစ်နိုင်စေရန်။ ကိုယ်ရေးအချက်အလက် လိမ်လည်လှည့်ဖြားယူခြင်း (Phishing) အကြောင်းမိတ်ဆက်ခြင်း။

Digiworld Digital Citizen Level 3 Worksheet 3_1_mm_Page_1
အပြုသဘောဆောင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူ (အဆင့် ၃)

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပေါ်က မကောင်းတဲ့ အပြုအမူတွေကို ဆန်းစစ်နိုင်စွမ်းရှိ လာစေရန် နှင့် ညှာတာထောက်ထားမှု မရှိတဲ့ အပြုအမူတွေက ဘယ်လိုတွေလဲ၊ ဘာကြောင့်လဲဆိုတာ ဆုံးဖြတ်တတ် လာစေရန်။

Digiworld Recovery Level 3 Worksheet 3_1_mm_Page_1
အမှားဖြစ်သွားရင် ဘယ်လိုပြန်လည်ပြုပြင်တည့်မတ်နိုင်မလဲ - ၃

သင်ကြားခြင်းရည်ရွယ်ချက်။ အွန်လိုင်းပြဿနာများနဲ့ အမှားတွေကနေ ပြန်လည်ပြုပြင် တည့်မတ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကို ဆန်းစစ်နိုင်စွမ်းရှိလာစေရန်။

Parents

Digiworld Parent Quiz - Questions Worksheet 1_1_mm_Page_1
အွန်လိုင်းလောကအကြောင်း နားလည်သဘောပေါက်ခြင်း (မိဘများအတွက်ဉာဏ်စမ်းပဟေဠိမေးခွန်းများ)

ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ သဘောသဘာဝအမျိုးမျိုးနဲ့ ပတ်သက်ပြီး မိဘများရဲ့ နားလည်သဘောပေါက်မှုကို စစ်ဆေးသည့် မေးခွန်းများ